ပြည်တွင်းကုန်သွယ်မှုသတင်းများ
မတ်လ တတိယပတ်တွင် မုံရွာဈေးကွက်သို့ (နွေ) ကြက်သွန်နီအသစ်များ ဝင်ရောက်မှုရှိနေပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွဲရဲ၊ ကျောက်စစ်ပုံ၊ နဘူးတော၊ စုန်းချောင်းတို့မှ ပိဿာ (၃၀)ဝင်အိတ် ၂၀၀ခန့် ရက်ခြား အဝင် ရှိသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကသစ်တိုင်းကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ သွားရောက်၍ ဒန့်ဒလွန်(အိန္ဒိယမျိုး) စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေတို့အား သိရှိနိုင်ရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် နတ်မောက်အုပ်စု၊ ညောင်ကုန်းကျေးရွာသို့သွားရောက်၍ နွေစပါးစိုက်ပျိုးနေမှု၊ တစ်ဧကကုန်ကျစရိတ်များအား သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာတွင် ငှက်ပျောတိုးချဲ့စိုက်ပျိုးလာ ကြပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရပါသည်။

ပွင့်လင်းရာသီဖြစ်သဖြင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ကုန်စည်စီး ဆင်းမှုသွက်လျက်ရှိပြီး အိမ်ဆောင်ပစ္စည်းတစ်ချို့နှင့် ဘိလပ်မြေများ မြို့နယ်တွင်းသို့ တင်သွင်းလျှက်ရှိကြောင်း သိရှိရပါသည်။ ယခုမတ်လတွင် ဘိလပ်မြေဈေးနှုနန်းများမှာ Alpha ဘိလပ်မြေနှင့် Crown ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝ
