မုံရွာဈေးကွက်သို့ ( နွေ ) ကြက်သွန်နီအသစ်များဝင်ရောက်လျက်ရှိ

Powered by Drupal

            မတ်လ တတိယပတ်တွင် မုံရွာဈေးကွက်သို့ (နွေ) ကြက်သွန်နီအသစ်များ ဝင်ရောက်မှုရှိနေပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွဲရဲ၊ ကျောက်စစ်ပုံ၊ နဘူးတော၊ စုန်းချောင်းတို့မှ ပိဿာ (၃၀)ဝင်အိတ် ၂၀၀ခန့် ရက်ခြား အဝင် ရှိသည်။

            ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီပွဲရုံ လက်ကားဈေးတစ်ပိဿာလျှင် (ကြီး၊ လတ်၊ သေး) ကျပ် ၇၀၀၊ ၆၅၀၊ ၆၀၀ နှုန်းရှိပြီး၊ လက်လီဈေးနှုန်းတွင် ( ကြီး၊ လတ်၊ သေး )ကျပ် ၁၀၀၀၊ ၈၀၀၊ ၇၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။

         အရောင်းအဝယ်အနေဖြင့် (၂)ရက်လျှင်ကား(၁)စီးစာ ပိဿာ(၈၅၀၀)  ရန်ကုန်သို့ ပို့ ပေးရပါသည်။ ပြည်ပသို့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား၊ မြဝတီ၊ ထိုင်း၊ဗီယက်နမ်၊လာအိုသို့တင်ပို့ရပါသည်။ ရေလမ်းကြောင်း ဖြင့် ဟုမ္မလင်း၊ ခန္တီး ပိဿာ(၃၀)ဝင်အိတ်(၃)အိတ်ခန့် ရက်ခြားအရောင်းအဝယ်ဖြစ်ပြီး၊ ပြည်ပအနေဖြင့် မြဝတီသို့ ပိဿာချိန်(၃)သိန်းခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။