မတ်လ တတိယပတ်တွင် မုံရွာဈေးကွက်သို့ (နွေ) ကြက်သွန်နီအသစ်များ ဝင်ရောက်မှုရှိနေပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွဲရဲ၊ ကျောက်စစ်ပုံ၊ နဘူးတော၊ စုန်းချောင်းတို့မှ ပိဿာ (၃၀)ဝင်အိတ် ၂၀၀ခန့် ရက်ခြား အဝင် ရှိသည်။
ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီပွဲရုံ လက်ကားဈေးတစ်ပိဿာလျှင် (ကြီး၊ လတ်၊ သေး) ကျပ် ၇၀၀၊ ၆၅၀၊ ၆၀၀ နှုန်းရှိပြီး၊ လက်လီဈေးနှုန်းတွင် ( ကြီး၊ လတ်၊ သေး )ကျပ် ၁၀၀၀၊ ၈၀၀၊ ၇၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။
အရောင်းအဝယ်အနေဖြင့် (၂)ရက်လျှင်ကား(၁)စီးစာ ပိဿာ(၈၅၀၀) ရန်ကုန်သို့ ပို့ ပေးရပါသည်။ ပြည်ပသို့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား၊ မြဝတီ၊ ထိုင်း၊ဗီယက်နမ်၊လာအိုသို့တင်ပို့ရပါသည်။ ရေလမ်းကြောင်း ဖြင့် ဟုမ္မလင်း၊ ခန္တီး ပိဿာ(၃၀)ဝင်အိတ်(၃)အိတ်ခန့် ရက်ခြားအရောင်းအဝယ်ဖြစ်ပြီး၊ ပြည်ပအနေဖြင့် မြဝတီသို့ ပိဿာချိန်(၃)သိန်းခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။