Main menu

အာလူး၏အာဟာရတန်ဖိုးနှင့် ဈေးကွက်အတွင်း ဝယ်ယူစားသုံးမှုအခြေအနေ

Powered by Drupal

          အာလူးသည် မြန်မာနိုင်ငံတွင် လူအများစားသုံးလျက်ရှိသည့် အာဟာရပြည့်ဝသော အစား အစာတစ်မျိုးဖြစ်ပြီး အိမ်ထောင်စုတိုင်း၏ နေ့စဉ်ဟင်းချက်ပြုတ်ရာတွင် အဓိကပါဝင်ရုံသာမက ပြုတ်၊ ပေါင်း၊ ဟင်းချက် သာမက မုန့်ပဲသရေစာများပြုလုပ်ရာတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ ကြသဖြင့် ပြည်သူများအကြားစားသုံးမှု အမြဲမပြတ်မြင့်မားလျက်ရရှိသည်။ အာလူးသည်ဟင်းချက် ပြုတ်ရာတွင် အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သလို အာလူးကြော်၊ အာလူးကင်၊ အာလူးပြုတ် နှင့် ကလေးငယ်များအတွက် မုန့်များပြုလုပ်ရာတွင်အသုံးဝင်သည်။

    အာလူးကိုဆီအလွန်အကျွန်သုံးစွဲ၍ ကြော်စားခြင်းထက် ပြုတ်ခြင်း၊ ပေါင်းခြင်း (သို့) ကင်စား ခြင်းတို့ဖြင့် စားသုံးပါက ကယ်လိုရီထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးနှင့်လည်းညီညွှတ်သည်။အခွံပါမနွှာ ဘဲစနစ်တကျဆေးကြော၍ ချက်ပြုတ်စားသုံးပါက ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အမျှင်ဓါတ်ကို ပိုမိုရရှိစေပါသည်။ အာလူးတွင်ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရဓါတ်များဖြစ်သည့် ကာဘို ဟိုက်ဒရိတ်၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ ဗီတာမင်B6 နှင့် အမျှင်ဓာတ်များပါဝင်သည်။

     ကယားပြည်နယ်အတွင်းသို့ ရှမ်းပြည်နယ်အောင်ပန်းဒေသမှ အာလူးများပုံမှန်ဝင်ရောက် လာခြင်းကြောင့် ဒေသအတွင်းစားသုံးသူများအနေဖြင့် လိုအပ်သည့်အာလူးများကို ဈေးကွက်အတွင်း ဝယ်ယူရရှိလျက်ရှိပါသည်။ အာလူးများကိုဝယ်ယူရာတွင် လတ်ဆတ်ပြီးအရည်အသွေး ကောင်းမွန် ကာ ပုပ်သိုးခြင်း၊ အညှောက်ထွက်ခြင်း၊ အစိမ်းရောင်ပြောင်းခြင်း မရှိသောအာလူးများကိုရွေးချယ် ဝယ်ယူသင့်ပြီး နေရောင်ခြည်တိုက်ရိုက် မကျရောက်သည့် အေးမြခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်းသောနေရာတွင် သိမ်းဆည်းကာ သန့်ရှင်းစွာချက်ပြုတ်ပြီးသင့်တင့်မျှတစွာ စားသုံးသင့်ပါ သည်။ ယခုအခါ အာလူးများကို ()ပိဿာ လျှင် ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်အထိ ရောင်းချ လျက်ရှိကြောင်း သီရိမင်္ဂလာဈေးတွင် ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)