ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ဖန်ခါးပင်၊ စစ်တလင်း၊ ကွင်းကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံစိုက်ဧက (၁၅၀) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့အဓိကစိုက်ပျိုးထွက်ရှိရာ အပူပိုင်းဒေသတစ်ခုဖြစ်ပြီး အခြားဒေသများမှထွက်ရှိသည့် သစ်သီးဝလံများကို ဝယ်ယူစားသုံးရကြောင်း၊ မကွေးမြို့တွင် ပုပ္ပါးဒေသထွက်မာလကာသီးများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးမြေပဲ(၂၉၅၄)ဧက၊ ဆောင်းမြေ ပဲ(၈၃၃၈)ဧက နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ဒေသတွင်းထွက်ရှိသောမြေပဲများကို စားသောက်ကုန်လုပ်ငန်း၊ ရိုးရာမုန့်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပြီး၊ မြေပဲကိုကြိတ်ခွဲ၍ မြေပဲဆီအဖြစ်လည်းထုတ်လုပ်ရောင်းချလျက်ရှိရာ ဒေသအတွင်းမြေပဲများ ပုံမှန
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အဒါးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်တွင် ဒေသထုတ်ကုန်ဖြစ်သော “မဗေဒါ” ပဲကြီးလှော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ မိမိတို့ဒေသဈေးကွက်အပြင် ခရိုင်အတွင်း၊ တိုင်းအတွင်း မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ဒေသလက်ဆောင်အဖြစ်လ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ထောပတ်ပဲ(အပြားကြီး) တစ်တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀ အထိ ဈေးကောင်းရရှိနေကြောင်း မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူဒေါ်စုစုလှိုင်၏ ပြောပြချက်အရ သိရသည်။