ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးသလို မွေးမြုရေးလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် ဥစားကြက်ခြံ (၁၇၁)ခြံရှိပြီး အကောင်ရေ (၈၆၅၀၀၀) ဥစားကြက်ခြံပိုင်ရှင် ၂၂ဦးနှင့် အသားစားကြက်ခြံ (၁၂၅)ခြံရှိပြီး မွေးမြူအကောင်ရေ (၅၅၀၀၀၀)ကောင် မွေးမြ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလ၁ ရက်နေ့မှ (၁၈)ရက်နေ့ထိ ငါးခေါင်းပွ ပိဿာချိန် ၃၈၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်ပြောပြ၍ သိရသည်။
ဧရာဝတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ ကွန်နိုင်းလေးကျေးရွာများတွင် ငှက်ပျောပင်ကိုစိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ နှစ်တွင် စိုက်ဧက ၃၇၅၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဆောင်းသီးနှံငရုတ်စိမ်းအစို စိုက်ဧက ၁၀ ဧက၊ မအူပင်ခရိုင်အနေဖြင့် ငရုတ်စိမ်းအစို စိုက်ဧက (၆၀)ခန့် နှစ်စဉ်စိုက်ပျိုးကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ဒေသတွင်းစာ
ဧရာဝတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာများတွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံကိုစိုက်ပျိုးနေကြပြီး ကျောက်ဖရုံသီးနှံကိုလည်း စိုက်ပျိုးနေကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ နှစ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၁၂၇၉၀ စိုက်ပျိုးထားရှိကြောင်းသိရသည်။