ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများသည် ယခုနိုဝင်ဘာလတွင် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်းသိရပါသည်။
သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ နိုဝင်ဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးနှုန်းမှာ ကြံ့နှစ်ကောင်(အနီ) 50kg တစ်အိတ်လျှင် ၁၃၅၀၀ကျပ်၊ ALPHA 50kg တစ်အိတ်လျှင် ၁၃၅၀၀ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းထက် ၁၀၀၀ကျပ်ကျေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့မဈေးကြီးအတွင်း ရောင်းချနေသော ကြက်ဥ၊ ဘဲဥ လက်လီဈေးနှုန်းများမှာ နိုဝင်ဘာလ ဒုတိယပတ်တွင် ကြက်ဥကြီးတစ်လုံးလျှင် ၄၀၀ကျပ်၊ ကြက်ကလတ်တစ်လုံးလျှင် ၃၇၀ကျပ်၊ ကြက်ဥသေးတစ်လုံးလျင် ၃၂၀ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါသည်။
မြန်မာနိုင်ငံတွင် ဝါးမျိုးပေါင်း ၂၀၀ ကျော်ခန့်ရှိသည်ဟု လူသိများသော်လည်း တောင်ငူဒေသတွင်တွေ့ရသော ဝါးအမျိုးအစားများမှာ ဝါးပိုး၊ ဝါးနက်၊ ဝါးဖြူ၊ သိုက်ဝါး၊ တင်းဝါး၊ တပင်တိုင်ဝါး၊ ကြသောင်းဝါး၊ ထီးရိုးဝါများပင်ဖြစ်သည်။
ယခုအခါတွင် ကျွဲခေါင်းသီးများ ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့ရှိ ဈေးကွက်ထဲ၌ ကျွဲခေါင်းသီးများကို တွေ့နေရပြီဖြစ်ပါသည်။ ကျွဲခေါင်းသီးကို ပြုတ်၍စားရပါသည်။ ကျွဲခေါင်းသီးစားခြင်းအားဖြင့် ကျောက်ကပ်နှင့် ဆီးအိမ်တို့ ကျောက်တည်ခြင်းကိုကာကွယ်ပေးခြင်း၊ သွားနှင့်သွားဖုံးတို့ကိုခိုင်မာစေခြင်းနှင့် နှလုံးရောဂါရှိသူများ ရောဂါသက်သာစေခြင