ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Nov 2024

        မဲဇလီပင်သည် အလေ့ကျပေါက်သည့် အပင်ကြီးများဖြစ်ပြီး မိုးကုန်ခါနီးမှ ဆောင်းတွင်းကာလအထိ အဖူးများဖူးပါသည်။ မဲဇလီဖူး၏အရသာမှာ အနည်းငယ်ခါးသက်သော်လည်း မဲဇလီဖူးသုပ်မှာ ခံတွင်းမြိန်စေသည့် အစားအစာတစ်မျိုးဖြစ်ရာ ကြိုက်နှစ်သက်သူများပါသည်။

19 Nov 2024

          တောင်ငူမြို့သို့ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ အားလူများဝင်ရောက်လျက်ရှိရာ ယခင်လက အာလူးအသေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ အလတ် ၅၂၀၀ကျပ်နှင့် အကြီး ၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ကျပ်၊ အလတ် ၆၅၀၀ကျပ်နှင့် အကြီး ၈၀၀၀ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

19 Nov 2024

     ရွှေဘိုခရိုင်အနေဖြင့် စပါးကိုအဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းတောဒေသများတွင် ပဲ၊ ပြောင်း သီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ခုနှစ် မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစဉ်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့် သော်လည်းကောင်းစိုက်ပျိုးကြပြီး ဇွန်လတွင်စတင်စိုက်ပျိုး၍ စက်တင်ဘာလ

19 Nov 2024

      တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဈေးဆိုင်များတွင် ရှမ်းပြည်နယ်၏ သစ်သီးတစ်မျိုးဖြစ်သော လိမ္မော်သီးများ ပေါများစွာဝင်ရောက်နေပြီဖြစ်ပါသည်။ မိုးရာသီတွင် လိမ္မော်သီးများ ရှားပါး၍ သစ်သီးဆိုင်များတွင် အရောင်းအဝယ်မရှိခဲ့ရာက ယခု မိုးအကုန် ဆောင်းအကူးကာလတွင် လိမ္မော်သီးများ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

19 Nov 2024

       တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မိုးအကုန်ဆောင်းအကူးရာသီ၌ ဒေသအနီးကျေးရွာများမှ လာရောက်ရောင်းချနေသော ရာသီပေါ်ဒေသတွင်းငါးများ ပေါများလျက်ရှိပါသည်။ ယခု မိုးနှောင်းကာလရောက်ချိန်တွင် ပေါ်လာသော ငါးခူ၊ ငါးဘတ်၊ ငါးနုသန်းများမှာ ပေါများစွာရရှိပြီး ဈေးနှုန်းမှာလည်း အခြားအသားငါးများဈေးနှုန်းကြီးမြင့်နေချိန်တွင် စားသုံသူပြည်သူများဝယ်ယ

Pages