
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ တောင်သူ များအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို လေ့လာသုံးသပ်ပြီး ချင်းစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာကြကြောင်း သိရသည်။ ချင်းသည် ဒေသရာသီဥတုနှင့် မြေဆီလွှာအခြေအနေ တို့နှင့် ကိုက်ညီသည့်သီးနှံတစ်မျိုး ဖြစ်ပြီး တောင်သူများအတွက် ဝင်ငွေကောင်းရရှိနိုင်သည့် သီးနှံ တစ်မျိုးအဖြစ် ရပ်တည်လျက်ရှိသည်။ ဒေသခံတောင်သူများကလည်း ချင်းစိုက်ပျိုးရာတွင် နည်းပညာပိုင်းဆိုင်ရာ အသိပညာများတိုးတက်လာခြင်း၊ အထွက်နှုန်းကောင်းမွန်လာခြင်း၊ ဈေးကွက် အလားအလာ ကောင်းမွန်ခြင်းတို့ကြောင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း တွေ့ရသည်။ ယခုအခါ ချင်းစိမ်း(အသေး) တစ်ပိဿာလျှင် ၁၇၀၀ကျပ်နှင့် ချင်းစိမ်း (အကြီး) တစ်ပိဿာလျှင် ၂၂၀၀ ကျပ် ပေါက်ဈေးရှိပါသည်။ လက်ရှိတွင် ရွာငံဒေသ၌ ချင်းစိုက်ပျိုးမှု တဖြည်းဖြည်းကျယ်ပြန့် လာနေပြီး ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမည့် ဝင်ငွေရ သီးနှံတစ်မျိုးအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း လေ့လာသုံးသပ်ရပါသည်။
DOCA(ရှမ်း)
