ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်၌ စားဖိုချောင်သီးနှံဖြစ်သော ကြက်သွန်ဖြူနှင့်အာလူးသီးနှံများမှာ ဒေသတွင်းထွက်ရှိမှုမရှိသည့်အတွက် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ)ကို ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမှဝင်ရောက်ပြီး (ကြူကုတ်)ကို မန္တလေးမှဝင်ရောက်သည့်အပြင် နီးစပ်ရာရန်ကုန်မြို့မှလည်း ဝင်ရောက်လျက်ရှိပါသည်။

ပြည်ဈေးကွက်တွင် နောင်မွန်ဒေသထွက် လိုင်ချီးသီး၊ ရှမ်းပြည်ဒေသထွက် တောင်ပို့မှို၊ ရှမ်းပြည်ဒေသထွက် အင်ဥ၊ တောင်ငူဒေသထွက် ရေနီမျှစ်ချိုများ ရောင်းချနေသည်ကိုတွေ့ရှိရပါ သည်။ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ဈေးနှုန်းများအနေဖြင့် နောင်မွန်ဒေသထွက် လိုင်ချီးသီးများကို တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ ရှမ်းဒေသထွက် မှိုတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ရှမ်းပြည
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာနှင့် ပေါက်ခေါင်းမြို့နယ်ရှိ အိုးတင်းကုန်းရွာ၊ ပျားထိုးကျွန်းရွာ၊ တောင်လည်ကျေးရွာများတွင် ကွမ်းကို အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချကြပါသည်။ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအနက် ပေါက်ခေါင်းမြို့နယ်သည် ကွမ်းအများဆုံးထွက်ရှိသည့် မြို့

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံဈေးမှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

၂၀၂၄ခုနှစ်၊ မေလကုန်တွင် ပြည်ခရိုင်တွင် ဆီထွက်သီးနှံဖြစ်သော နှမ်းဈေးနှုန်းနှင့် မြေပဲဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာခဲ့ပါသည်။ နှမ်းသီးနှံမှာ ဈေးကွက်တွင် လက်ကျန်မရှိသလောက်နည်းပြီး အရောင်းအဝယ်ပါးကာ မြေပဲဆန်မှာလည်း ယခုအချိန်တွင် ဝင်ရောက်မှုနည်းသွား၍ ဆီစက်လုပ်ငန်းရှင်သမားများက ဆီကြိတ်ရန်အတွက် မိမိတို့လှောင်ထားသော မြေပဲဆန်ကိ
