ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဘိုကိတ်ပဲသီးနှံမှာ လက်လီ/ လက်ကား နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ တစ်ရက်လျှင် အိတ် (၃၀/၄၀) ကျော် ဒေသတွင်းလက်လီသမားများဝယ်ယူမှုရှိကြပြီး ရန်ကုန်ဝယ်လက်များလည်း အဝယ်ရှိခဲ့သောကြောင့် လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ်၁၀၀ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ပဲဈေး

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ၊ တံခွန်တိုင်ရွာတွင် ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။ ထိုလုပ်ငန်းကို နွေရာသီ၌လုပ်ကိုင်ပြီး မိုးရာသီတွင် အလုပ်နားကြောင်းသိရပါသည်။ မိုးရာသီတွင် လုပ်ငန်များနားရခြင်းမှာ နေပူလှန်း၍မရခြင်း၊ မှိုတက်ခြင်းတို့ကြောင့်ဖြစ်ပါသည

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ရှိသော ပဲသီးနှံများအနက် ယခုနှစ်အတွင်း ပဲတီစိမ်းသီးနှံဈေးအနေဖြင့် ဈေးအေးနေခဲ့သည်ကိုတွေ့ရပါသည်။ ယခုနှစ်၌ အခြားပဲအားလုံးလိုလို ဈေးကောင်းရရှိခဲ့သော်လည်း ပဲတီစိမ်းသီးနှံမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ကျပ်၆၈၀၀၀၀ခန့်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံမှာ ဈေးကွက်အတွင

ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည် များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆:၀၀)နာရီမှ နေ့လယ် (၁၄:၀၀)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ မေလကုန်တွင် စပါး/ဆန်ဈေးများငြိမ်နေပြီး (၄၆)ပေါင်ပါ တင်း (၁၀၀)လျှင် ၂၀၃၀၀၀၀ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် (၇၆၀၀၀-၈၀၀၀၀) ကျပ်ဖြင့် ဧပြီလမှစ၍ ယခုမေလ ဒုတိယပတ်အထိ ဈေးငြိမ်နေပါသည်။ ဧရာဝတီ၊ ပုသိမ်ဘက်မှဝယ်ယူရောင်းချသော ပေါ်ဆန်းဆန်ဈေးနှုန်းများမှာ ၁၆၀၀၀၀ကျပ်မှ ၁၇၂၀၀၀ကျပ်ထိဖြစ်၍ တစ်အိတ်လျှင်
