
ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊အောင်ပန်း၊ပင်းတယနှင့် ရွာငံရေဦး မြို့များမှထွက်ရှိသည့် ဒေသမျိုးထောပတ်သီးများ အများဆုံးဝင် ရောက်လျက်ရှိပါသည် ။ မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမာန်မှာဆိုလျှင် ထောပတ်သီး အမျိုးအစားသည်လည်း နေရာတစ်ခုရလာကာ လူအများ စားသုံးကြသည်ကိုတွေ့ရှိရကြောင်း၊မိရိုးဖလာမျိုးဖြစ်သည့်မြောက်ကျွန်းသူထောပတ်မျိုးလည်းရှိသလို၊ နိုင်ငံခြားမျိုးဖြစ်သည့် Pinkerton၊ Hass တို့သည် နာမည်ကြီး လူကြိုက်များပြီး အခြား နိုင်ငံခြားမျိုးများစွာလည်းရှိပြီး စျေးကွက်အတွင်း မိရိုးဖလာဖြစ်သည့် မြောက်ကျွန်းသူ ထောပတ် မျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း ၊ ထောပတ်သီးတွင် ပိုတက်ဆီယမ်၊ ဗီတာမင် C ၊ ဗီတာမင် E ၊ အမျှင်ဓာတ် နှင့် သကြားဓာတ် အာဟာများစွာပါဝင်ကြောင်း၊ ထောပတ်သီးကို စားသုံးခြင်းဖြင့် ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ သွေးတွင်း ကိုလက်စထရောကျဆင်းစေခြင်း၊ သွေးတွင်းသကြား ဓါတ်ကိုထိန်းညှိပေးခြင်း ၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း ၊ အမြင်အာရုံ ကောင်းမွန်စေခြင်း ၊ ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း နှင့် အစာကြေစေခြင်းစသည့် အကျိုးကျေးဇူးများစွာရှိကြောင်း ၊ ထောပတ်သီး အကြီးတစ်လုံးလျှင် (၁၅၀၀/-) ကျပ် ၊ အလတ် တစ်လုံးလျှင် (၁၀၀၀/-) ကျပ်၊ အသေးတစ်လုံးလျှင် (၇၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
