ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Oct 2024

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်သည့် MSMEs ခြင်းလုံးလုပ်ငန်းလုပ်ကိုင်သည့် မြို့သစ် (၄) လမ်းရှိ ဦးမြင့်စိုး၏ ခြင်းလုံးလုပ်ငန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းမေးမြန်းခဲ့ရာ ခြင်းလုံးသည် ကြိမ်ကိုအဓိကထားပြုလုပ်ထားပြီး ကြိမ်လုံးကို အနောက်ရိုးမ၊ မကျီးဇင်၊ ဂျိုင်လယ်တို့မှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။

22 Oct 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ပခုက္ကူကျွန်းများတွင် ဆောင်းစိုက်၊ ပင်စိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်သို့ ပခုက္ကူမြို့ရှိ မြို့နယ်များသာမက အခြားဒေသများဖြစ်သော စစ်ကိုင်းဒေသကြီးအတွင်းရှိ ပုလဲနယ်မှထွက်ရှိသော ကြက်သွန်နီများလည်း ဝင

22 Oct 2024

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာမှ တောင်သူ ဦးဖိုးဂျွန်း၏ လယ်(၁) ဧကပေါ်၌ ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော ဓာတ်ဆီအင်ဂျင် လက်ဆွဲကောက်စိုက်စက်သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုခဲ့ကြပါသည်။

22 Oct 2024

ထန်းလျက် Jaggery ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်သည်။ ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင်မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့် အတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်

22 Oct 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ပဲနီနှင့်ပဲနောက် စသည့်ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးလျက်ရှိပါသည်။ ပဲစဉ်းငုံနီကို ချောက် ကန်အုပ်စု၊ ကိုင်းအုပ်စု၊ ကန်တော်၊ ကံလှကျေးရွာများတွင် သီးညှက်အဖြစ်စိုက်ပျိုးကြပြီး ကုလားပဲနှင့် ထောပတ်ပဲကို ပခုက္ကူကျွန်းအုပ်စုဖြစ်သော ပခုက္ကူကျွန်း၊ ရေစကြို၊ ကျွ

Pages