ပြည်တွင်းကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်စံပြဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့် ငုံးဥများ ရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်းအမျိုးမျိုးရှိပြီး ကြက်ဥ အလုံးကြီးတစ်လုံးလျှင် (၃၃၀)ကျပ်၊ ကြက်ဥ အလုံးလတ်တစ်လုံးလျှင် (၃၀၀) ကျပ်၊ ကြက်ဥအလုံး သေးတစ်လုံးလ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော ကပိုင်၊ ကန်တွင်း၊ ရေပုပ်၊ လိပ်ခြံ၊ ချတောက်ရွာသစ်၊ ကူရှည်ရွာမ၊ အလယ်စုကျေးရွာများနှင့် ပွင့်ဖြူ၊ စလင်းနှင့် ပခုက္ကူနယ်ဒေသများမှ ကုန်စည်အများဆုံးဝင်ရောက်လျက်ရှိပြီး မတ်လ(ပထမပတ်)တွင် တစ်ရက်လျှင် ကြက်သွန်နီပိဿ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာများ၌ ကိုင်းကျွန်းမြေနုများတွင် စိုက်ပျိုးသည့် မိုးကြက်သွန်နီ စိုက်ခင်းကျွတ်များတွင် ဆောင်းသီးနှံကုလားပဲ သီးထပ်စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိနေကြောင်းသိရှိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ထွက်ရှိသည့် ရာသီပေါ်ကြက်မောက်သီးများ ဈေးကောင်းရရှိနေကြောင်း ကြက်မောက်သီး စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ထွက်ရှိသည့် အစေ့ကျွတ် ကြက်မောက်သီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ဝန်းကျင်အထိရရှိနေကြောင်း သိရသည်။ အဆိုပါ ကြက်မောက်သီးများကိ
