
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့် မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကို လည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေ သော မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ နို့ဆီဘူး (၁)ဘူးလျှင် (၆၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၆၀၀)ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့ လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၇၅၀၀) ကျပ် ၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာ လျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)