ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ပူစီနံနံရွက်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်နှင့် ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက် နှင့်ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ပူစီနံနံ ရွက်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံများကို အစည်းလေးများ စည်း၍ရောင်းချရာ ()စည်းလျှင်(၂၀၀) ကျပ်၊ ()စည်းလျှင်(၅၀၀)ကျပ်၊ ()စည်းလျှင်(၁၀၀၀)ကျပ်နှင့် ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံ ()စည်း လျှင်(၂၀၀)ကျပ်၊ ()စည်းလျှင်(၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံ ကိုအိမ်ရှင်မများဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြကြောင်း၊ ပူစီနံနံရွက် များကို ဒံပေါက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)