မအူပင်မြို့နယ် ပင်စင်စာ သက်ကြီးရွယ်အိုများအား သက်သာသောဈေးဖြင့် စားအုန်းဆီ၊ ဆန်နှင့် ကြက်၌များ ရောင်းချပေးလျက်ရှိ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အငြိမ်းစား သက်ကြီးရွယ်အိုများကို မြို့နယ် အရံမီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် မြန်မာစီးပွား‌ရေးဘဏ်မှ ပင်စင်လာထုတ်သူ ဘိုးဘွား ၂၅၀ ဦးအား မြိုန့ယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးကြပ်၍ ၂၆-၉-၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်များစီစဉ်မှုဖြင့် ရောင်းချပေးကြောင်း သိရသည်။

           ရောင်းချပေးရာတွင် စားအုန်းဆီ ၁ပိဿာ ၇၀၂၀ကျပ်၊ ဆန် ၁ပြည် ၃၀၀၀ကျပ်၊ ကြက်ဥ ၁လုံး ၃၅၀ကျပ်ဖြင့် ဆီပိဿာချိန် ၃၀၀၊ ဆန် ၅အိတ်၊ ကြက်၌ ၁၅၀၀လုံးကို မြန်မာစီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများ သက်သာသောဈေးဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးကို စီစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)