ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ တောင်ဦးကျေးရွာ၌ မိုးမြေပဲစိုက်ဧက(၅၀)ဧကခန့်ကို တောင်သူ(၂၅)ဦးမှ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် စိုက်ပျိုးခဲ့ပြီး ယခု စက်တင်ဘာလ (ဒုတိယပတ်)တွင် စတင်ခူးဆွတ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာ၌ နှမ်း၊ နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ မြေပဲနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက် စိုက်ပျိုးကြပြီး မိုးခရမ်းချဉ်သီး (ထိုင်ဝမ်မျိုး) စိုက်ဧက(၁၃)ဧကခန့်ကို တောင်သူ(၁၀)ဦးမှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လကုန်တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ မကွေးဈေးကွက်သို့ မကွေး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်းနှင့် မင်းဘူးမြို့နယ်များရှိ ကျေးရွာများမှ ထွက်ရှိသည့် မြေပဲသီးနှံ(မြေပဲလုံးဆံဖြူ၊ မြေပဲ လုံးဆံနီ၊ မြေပြန့်လုံးဆံ)များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကန်သာဈေး၊ မြို့မဈေး၊ ရန်ပယ်ဈေးနှင့် ရန်ကင်းဈေးများတွင် သဘာဝအလျှောက်ပေါက်ရောက်ပြီး မိုးရာသီတွင် ထွက်ပေါ်သည့်မျှစ်များ အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ စက်တင်ဘာလ၊ တတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းက