ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကန်စွန်းဥကို မြန်မာပြည်ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ကန်စွန်းဥသည် မြေကြီးထဲတွင် အမြစ်တွယ်ကာ ပေါက်ရောက်တတ်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးလေ့ရှိသော သစ်ဥ၊ သစ်ဖု၊ သစ်မြစ်များထဲတွင် ကန်စွန်းဥလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကန်စွန်းဥတွင် အာဟာရဓာတ်များနှင့် ဓာတ်တိုး ဆန့်ကျ

နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်တင်ဘာလ ပထမပတ်မှစတင်၍ ဩဇာသီးများ စတင်ထွက်ရှိလျက်ရှိပါသည်။ ဩဇာပင်ကို နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဧကလိုက်စိုက်ပျိုးခြင်းမရှိဘဲ စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မျိုးစေ့ကို ပျိုးထောင်၍စိုက်ပျိုးကြပြီး ဒေသမျိုးများကိုသာစိုက်ပျိုးကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ ဦးလှကြိုင်နှင့်သားများ “ အားမာန်ခေတ်” စက်မှုသံဂဟေဆက်လုပ်ငန်း၊ လုပ်ငန်းရှင် ဦးစိုးပိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ ဩဇာသီးများသည် ကျွန်းကုန်းကြီးကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် နှစ်ရွာကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲစဉ်းငုံနီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းနေခဲ့သော်လည်း အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ကုန်စည်ဒိုင်တွင်သာမက အပြင်ပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
