ကြို့ပင်ကောက်မြို့တွင်စက်တင်ဘာလ၏အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့ရှိ မြို့မဈေးကြီးတွင် လူသုံးကုန် စားသောက်ကုန်များ လက်လီလက်ကားရောင်းချလျက်ရှိသည်။စက်တင်ဘာလ  တတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်၏ ဈေးနှုန်းများမှာ မြေပဲဆီ၊နှမ်းဆီတစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊မြေပဲဆံ(အနီ) တစ်ပိဿာ ၈၅၀၀ ကျပ်၊ကုလားပဲခွဲခြမ်း တစ်ပိဿာ ၆၇၀၀ ကျပ်၊အာလူးတစ်ပိဿာ ၇၀၀၀ ကျပ်၊ဂျင်းတစ်ပိဿာ ၇၀၀၀ ကျပ်၊သကြားတစ် ပိဿာ ၅၈၀၀ ကျပ်၊အိုင်အိုဒင်းဆား တစ်ထုပ်လျှင် ၁၅၀၀ ကျပ်တို့ဖြစ်ပါသည်။

          မွေးမြူရေးထွက်ကုန်ဖြစ်သော ငါးခူ၊ငါးကျီးတစ်ပိဿာလျှင် ၂၅၀၀ ကျပ်၊ငါးကြင်းတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ငါးမြစ်ချင်းတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ် တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ဗမာ(ကြက်) တစ်ပိဿာ ၃၅၀၀၀ ကျပ်၊(CP)ကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ဆိတ်သားတစ်ပိဿာ ၅၀၀၀၀ ကျပ်၊ကြက်ဥတစ်လုံးလျှင် ၄၅၀/ ၄၆၀/၄၈၀ ကျပ်၊ဘဲဥ တစ်လုံးလျှင် ၆၀၀/၆၅၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)