ပြည်ဒေသထွက် ပန်းဂန္ဓမာဈေးကွက်

Powered by Drupal

     အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းများကို  မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြ ပါသည်။ ဂန္ဓမာပန်းတွင် အမျိုးကွဲပေါင်းများစွာရှိပြီး ပန်းပွင့်ပုံစံ၊ အရွယ်အစားပေါ်မူတည်၍ အမည် အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ၎င်းတို့အနက်မှ ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အနီးရှိ မှော်ဇာ၊ တောင်လုံးညိုနှင့် ရွှေတောင်မြို့အနီးအနားရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိ လာသော ဂန္ဓမာပန်းများကို ပြည်မြို့အတွင်းရှိ ဈေးကွက်များနှင့် ရွှေတောင်မြို့နှင့် ရန်ကုန်မြို့ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချကြပါသည်။

          ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ယခင်နှစ်က ဂန္ဓမာပန်း ဆယ်ပွင့်စည်း တစ်စည်းလျှင် (၂၀၀၀ -၂၅၀၀)ကျပ်ရှိခဲ့ရာ ယခုနှစ် ဂန္ဓမာပန်း ဆယ်ပွင့်စည်း တစ်စည်းလျှင် (၃၅၀၀ - ၄၀၀၀) ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)