သာယာဝတီခရိုင်တွင် ဒေသထွက်ကွမ်းသီးများဈေးကောင်းရနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း အိမ်ခြံမြေအတွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိသော ကွမ်းသီးပင်များမှာ ယခုအချိန်တွင် ကွမ်းသီးများရင့်မှည့်လာသည့် အချိန်ဖြစ်သည့်အတွက် ကွမ်းသီးမှည့်များကို ခူးဆွတ်ရောင်းချရာ ဈေးကောင်းရလျက်ရှိပါသည်။ ယခင်နှစ်ကွမ်းသီးမှည့်ဈေးမှာ (၁)လုံးလျှင် ၂၀ ကျပ်ခန့်မှ၃၀ကျပ်ခန့်သာ ရရှိလျက် ယခုနှစ်ရာသီ ပေါ်ချိန်မှာတော့ အမှည့်တစ်လုံးလျှင် (၅၀) ကျပ်မှ (၆၀) ကျပ်ခန့်ထိ ဈေးကောင်းရနေပြီး အဆိုပါ ကွမ်းသီးများကို ခွဲ၍နေလှန်းပြီး အခြောက်ခံကာ စိပ်ပြီးကွမ်းသီးများကို ရောင်းချလျှင် ယခင်နှစ်က ကွမ်းသီးခြမ်း(၁)ပိဿာကို (၈၀၀၀) ကျပ်ခန့်မှ (၁၀၀၀၀) ကျပ်ခန့်ထိသာ ရရှိပြီးယခုနှစ်မှာတော့ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် (၂၅၀၀၀) ကျပ်မှ (၂၉၀၀၀)ကျပ်ထိ ဈေးကောင်းရရှိပြီး အကျိုးအမြတ် ရရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)