
ကန်စွန်းဥသည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ကန်းစွန်းဥ အမျိုးအစား ပေါင်း များစွာ ရှိပါသည်။ စားသုံးသူများသည် အများသည် အများသောအားဖြင့် အမြင်အရ အရောင်းကိုကြည့်ပြီး အမျိုးအစား ခွဲခြားကြပါသည်။ ကန်စွန်းဥသည် ပွသော မြေအမျိုး အစားကို ကြိုက်နှစ်သက်ပြီး သဲမြေ၊ သဲနှုန်းမြေများတွင် ကန်စွန်ဥများ ပိုမိုဥ ပါသည်။ လူအများ နှစ်သက် ကြသည့် ကန်စွန်းဥတွင် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသော ဗီတာမင်စီ ၊ဒီနှင့် နှလုံး ကျန်းမာရေး အတွက်များစွာအထောက်အကူပြုသော ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာ ပါဝင်ပါသည်။ ကန်စွန်း ဥစားသုံးခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်မှုများကို တိုးတက် ကောင်းမွန်စေပြီး မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါသည်။ ကန်စွန်းဥတွင်ပါဝင်သည့် အမျှင်ဓါတ်က အစာခြေစနစ်ကို ကောင်မွန်ပြီး အူတွေကိုလှုပ်ရှားမှု ကောင်းမွန်စေပြီးဝမ်းမှန်စေခြင်း စသည့်အကျိုးကျေးဇူးများ ပါရှိပါသည်။ကန်စွန်းဥကို လူအများ က ပြုတ်စား၊ ဖုတ်စားခြင်းနှင့် ဂျုံမှုန့်နှင့်ရော၍ အချိုပွဲများ ပြုလုပ်ရာတွင် အသုံးပြုကြပါသည်။ ကျန်းမာရေးအတွက်အသုံးဝင်ပြီး လူကြိုက်များသည့် ကန်စွန်းဥကို တောင်ငူမြို့ ၊ ဘုရားဈေးတွင် အသေး (၁)ပိဿာ လျှင် (1500)ကျပ်၊ အလတ်(၁) ပိဿာလျှင် (2000)ကျပ်နှင့်အကြီး(၁)ပိဿာလျှင်(2500)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာစားသုံးသူများက ဝယ်ယူမှုမြင့်တက်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)
