ပုသိမ်ခရိုင်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက (၁၆.၅.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      အဆိုပါဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် FDAမှ တားမြစ်ထားသော ဆေးဝါးများရောင်းချမှုမရှိစေရန်နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)