၂၀၂၃ ခုနှစ်၊ မေလ၊ (၁၇.၅.၂၀၂၃) ရက်နေ့၊ ညနေ (၀၄:၃၀) နာရီအချိန်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ” ကို စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂၀) ဦး စုစုပေါင်း (၂၁) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များအကြောင်းကို ရှင်းလင်းပြော ကြား၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြ ရမည့် အချက်(၈)ချက်အား ရှင်းလင်းပြောကြား၍ နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင် က အခုဆိုပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုတွေဖြစ်ပေါ်နေခြင်းဟာ အမှိုက်တွေစနစ်တကျ မစွန့်ပစ်ကြတာတွေကြောင့်နဲ့ လောင်စာဆီသုံးစွဲမှုများခြင်းတို့ကြောင့် ဖြစ်နိုင်ရင် အမှိုက်တွေ ကို စနစ်တကျ စွန့်ပစ်ဖို့လိုအပ်ကြောင်း၊ အဓိအားဖြင့်ဆိုရင် ပလပ်စတစ်တွေကို လျှော့သုံးစွဲစေလို ကြောင်း၊ ယခုအခါမှာဆိုရင်လည်း ပလပ်စတစ်ကင်းစင်နယ်မြေများဖြစ်ဖို့လည်း ဆောင်ရွက်နေကြ ကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးပြုကြစေလိုကြောင်း၊ မလိုအပ်ပဲ လျှပ်စစ်ပစ္စည်းများကို အသုံးမပြုစေချင်ကြောင်း၊ ရေသုံးစွဲမှုချွေတာဖို့လိုအပ်ကြောင်း၊ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရန်အတွက် သစ်ပင်များလည်း စိုက်ပျိုးရန် လိုအပ်ကြောင်းများနဲ့ လေထုညစ်ညမ်း မှုကို ဖြစ်ပေါ်စေတဲ့ စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသော လောင်စာဆီနံ့၊ ဆေးလိပ်နံ့၊ အိမ်တွေမှာ သုံးစွဲသော မီးခိုးနံ့ စသည့်အနံ့များကို ရှုရှိုက်မိရင် အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်မကြည် လင်ခြင်း၊ အဆုတ်ရောဂါတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နှလုံးရောဂါတွေ အပြင် ကင်ဆာရောဂါတွေပါ ဖြစ်ပွားစေနိုင်သောကြောင့် ဖြစ်နိုင်ရင်မလိုအပ်ပဲအသုံးမပြုစေလိုကြောင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ကို မထိန်းသိမ်းမပြုပြင်လျှင် ရာသီဥတုများဖောက်ပြန်ခြင်း ဖြစ်တတ်ကြောင်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(မကွေး)