ဘားအံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၄-၅-၂၀၂၃ရက် (ဗုဒ္ဓဟူးနေ့) ၊ နေ့လယ် ၁၅:၀၀နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ သင်တန်းသား၊ သင်တန်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က ဦးစွာ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ သင်တန်းသား၊ သင်တန်းသူ များကို ပိုမိုနားလည်အောင် လက်တွေ့သရုပ်ပြမှုဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူများက ရှင်လင်းဖြေကြားခဲ့ပြီး ဟောပြောပွဲတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ဦးရေ (၃၀)ဦး တက်ရောက်၍  လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)