ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၂၉.၅.၂၀၂၃)ရက်နေ့ နေ့လည် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်အလယ်ပိုင်းရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း” များကို နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပါ အခန်း(၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်အကြောင်းကို ရှင်းလင်းပြီး ပြည်သူတိုင်းသည် စားသုံးသူဖြစ်၍ စားသုံးသူတိုင်း ပြည်သူဖြစ်သောကြောင့် စားသုံးသူများက မိမိတို့၏ စားသုံးသူအခွင့် အရေးများကို သိရှိထားရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုရှိလာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဆက်သွယ်လေ့လာဆောင်ရွက်နိုင်သည့် ဖုန်းနံပါတ်၊ လိပ်စာများ၊ ကုန်စည်တစ်ခုတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်သော အချက်များပါမှသာ ဝယ်ယူအသုံးပြုကြရန်၊ ဈေးကွက်အတွင်း ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းစေရန် စစ်ဆေးရေးအရာရှိများမှ လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိသောကြောင့် စားသုံးသူများက စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များကိုသိရှိနိုင်ရန် အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)