စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်မ၌  တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့်  တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့် အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန်နှင့် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍  “ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ”(၂၃.၅.၂၀၂၃)ရက်နေ့မှ (၂၅.၅.၂၀၂၃)ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း/အမှုထမ်းသင်တန်းသား/သင်တန်းသူ စုစုပေါင်း(၃၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒု- တိုင်းဒေသကြီး ဦးစီးမှူးက  ဝန်ကြီးဌာနအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏  သမိုင်းကြောင်းနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနဖွဲ့စည်းပုံအကြောင်း၊စားသုံးသူအငြင်းပွားမှုဖြေရှင်းရာတွင် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်များအကြောင်း၊ ရှင်းလင်းဆွေးနွေးခဲ့ပြီး ၊ ဒုတိယညွှန်ကြားရေးမှူး  ဦးဝေဖြိုးထက်က ဒီဂျစ်တယ် နည်းပညာနှင့် အသုံးပြုမှုမြှင့်တင်ရေးနှင့်စာရွက်သုံးစွဲမှုလျော့ချရေး စီမံချက်အကြောင်း၊ ဌာနမှ ဆောင်ရွက်လျက်ရှိသည့် အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများအကြောင်း၊ သတင်းမီဒီယာများတွင် သတင်း ဆောင်းပါးပါဝင်မှု၊ သတင်းဆောင်ပါးရေးသားမှုတိုးတက်ရေး အကြံပြုချက်များအကြောင်း၊ ထိရောက်သော ရုံးစာရေးသာနည်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဌာနခွဲတာဝန်ခံများက မိမိတို့ဌာနခွဲ ဘာသာရပ်အလိုက်  လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ Power Point များဖြင့် အသေးစိတ် အသီးသီးရှင်းလင်းပို့ချခဲ့ကြပြီး တက်ရောက်လာကြသော သင်တန်းသား/သူများက သိရှိလိုသည့်အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ အသိပညာဗဟုသုတများရရှိ၍ ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို မေလ(၂၅) ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် အောင်မြင်စွာ ကျင်ပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)