စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ မေလ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းသို့ ပြည်နယ်ဦးစီးမှူး၊ သင်တန်းနည်းပြများအပါအဝင် ပြည်နယ်ရုံးနှင့်ခရိုင်ရုံးမှ ဝန်ထမ်းများစုစုပေါင်း (၃၇) ဦးတက်ရောက်ခဲ့သည်။
ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်နယ်ဦးစီးမှူးက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေဘာသာရပ်ကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်စောကြည်က ထုတ်ကုန်လုံခြုံစိတ်ချရမှုဘာသာရပ်ကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန (CICC) ဘာသာရပ်ကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူရေးရာဌာနခွဲဘာသာရပ်ကိုလည်းကောင်း အသီးသီး သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)