မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများအား ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ ဇွန်လ၊ ပထမအပတ်တွင် အိမ်သုံးဆေးဝါးစျေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အားဆေးများ၏စျေးနှုန်းများမှာ ဇွန်လ၊ ပထမအပတ်တွင် စျေးနှုန်းအပြောင်းအလဲမရှိဘဲ စျေးနှုန်းတည်ငြိမ်နေပြီး စျေးနှုန်းများမှာ Decolgen (၁၀) လုံးပါတစ်ကတ်လျှင် (၁၄၀၀) ကျပ်၊ Civit အလုံး (၁၀၀) ပါတစ်ဘူးလျှင် (၁၅၀၀) ကျပ်၊ Paracetamol (၁၀) လုံးပါတစ်ကတ်လျှင် (၃၀၀) ကျပ်၊ Biogesic (၁၀) လုံးပါတစ်ကတ်လျှင် (၉၀၀) ကျပ်၊ Amoxicillin အလုံး (၁၀၀) ပါတစ်ဘူးလျှင် (၄၇၅၀) ကျပ်၊ Enorvon-C (၄) လုံးပါတစ်ကတ်လျှင် (၁၄၅၀) ကျပ်၊ Burmeton အလုံး (၁၀၀) ပါ တစ်ဘူးလျှင် (၁၆၀၀) ကျပ်၊ Cetrine (၁၀) လုံးပါတစ်ကတ်လျှင် (၂၀၀) ကျပ်၊ ဓာတ်ဆား MPF (၁) ထုပ်လျှင် (၃၀၀) ကျပ်၊ Oramin-G (၅) လုံးပါတစ်ကတ်လျှင် (၃၀၅၀) ကျပ်၊ Becozinc (၁၀) လုံးပါတစ်ကတ်လျှင် (၃၇၀၀) ကျပ်၊ Vitahome (၁၀) လုံးပါတစ်ကတ်လျှင် (၁၇၀၀) ကျပ်၊ SaRa (၁၀) လုံးပါတစ်ကတ်လျှင် (၉၀၀) ကျပ်၊ Vitacee (၁၅) လုံးပါတစ်ကတ်လျှင် (၃၈၅၀) ကျပ်၊ Flemex (၁၀) လုံးပါတစ်ကတ်လျှင် (၃၂၀၀) ကျပ်၊ Solmux (၄) လုံးပါတစ်ကတ်လျှင် (၁၁၀၀) ကျပ်၊ Woods (၁၅)လုံးပါတစ်ဘူးလျှင် (၇၆၅၀) ကျပ်၊ Alexal (၁၀)လုံးပါတစ်ကတ်လျှင် (၂၁၀၀)ကျပ်၊ Mixagrip (၄)လုံးပါတစ်ကတ်လျှင် (၇၀၀) ကျပ်တို့ဖြင့် အသီးသီးစျေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။
DOCA(မကွေး)