သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃ခုနှစ်၊မေလ၏ စတုတ္ထအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင် မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၈၀၀) အိတ်ခန့်၊ စုစုပေါင်း ( ၅၄၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀)တန် စီးထွက်ခဲ့ပါသည်။ ယခု ဇွန်လ၏ ပထမအပတ်တွင် မော်လမြိုင်သို့ (၂၃၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း ( ၄၄၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၂) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက လျော့၍ စီးထွက်ခဲ့ပါသည်။
သထုံခရိုင်အတွင်းသို့ မေလ၏ စတုတ္ထအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီးမှ ( ၁၂၀၀ ) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် ( ၁၂၀ )ခန့်၊ စီးဝင်ခဲ့ပြီး ဇွန်လ၏ ပထမပတ်တွင် ရန်ကုန်တိုင်း ဒေသကြီးမှ ( ၈၀၀ ) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ ( ၉၀၀ )အိတ်ခန့် ၊ စုစုပေါင်း ( ၁၇၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် ( ၈၂ ) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက လျော့၍ စီးဝင်လျက်ရှိပါသည် ။
သထုံခရိုင်အတွင်း၌ ဇွန်လ၏ ပထမအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၂၇၀၀၀၀ဝိ/-) ကျပ်ခန့်၊ ပေါ်ဆန်းဝါ ( ၂၅၀၀၀၀ဝိ/-) ကျပ်ခန့်၊ ကမာကြည် (၂၃၀၀၀၀ဝိ/-) ကျပ်ခန့်နှင့် ( ၂၄ ) ပြည်ဝင်ဆန် တစ်အိတ်လျှင်ကျားပျံဟိုတယ် ( ၉၀၀၀ဝိ/-) ကျပ်ခန့်၊ ပေါ်ဆန်းဝါ ( ၈၇၀၀ဝိ/- )ကျပ်ခန့်၊ ကမာကြည် (၇၂၀၀ဝိ/-) ကျပ်ခန့်၊ ဧည့်မထ(၅၉၀၀ဝိ/-) ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ဆန်အရောင်းအဝယ်အေးလျက်ရှိပြီး၊ စပါး၊ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)