ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြုသင်တန်း ကျင်းပပြုလုပ်

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၈) ဦး တက်ရောက်ခဲ့သည်။

     ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ရာ Thursday Talk တွင် ဝန်ထမ်းများ Capacity ပြည့်ဝစေရန်၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးပွဲများ၊ သင်တန်းများမှ ရရှိလာသည့် ဗဟုသုတများကို အခြားဝန်ထမ်းများသို့ ပြန်လည်မျှဝေပေးရန် စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

   ထို့နောက်  မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ တာဝန်ခံဒေါ်ခင်မြတ်ကျော်က စားသုံးသူရေးရာဦးစီးဌာန၏ မူဝါဒများအကြောင်းနှင့်ပတ်သက်၍ လည်ကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ အကြီးတန်းစာရေး ဦးကျော်စည်သူသွင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာနှင့်ပတ်သက်၍လည်းကောင်း၊ စီမံရေးရာဌာနခွဲမှ  အကြီးတန်းစာရေး ဦးနိုင်လင်းထက်က  Market Segmentation နှင့်ပတ်သတ်၍လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်သုတေသန ဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက စားသုံးသူရေးရာဦးစီးဌာနမှ လွှင့်တင်လျက်ရှိသော Website၊ Mobile Application နှင့်ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)