မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

Powered by Drupal

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသောပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်း သိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ယခု ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ရောင်းချနေသောဈေးနှုန်းများမှာ ပုစွန်ခြောက် (၁) ပိဿာလျှင် ကျပ် (၆၅၀၀၀) မှ ကျပ် (၈၅၀၀၀)၊ ငါးရံ့ခြောက် (၁) ပိဿာလျှင် ကျပ် (၅၅၀၀၀ မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁) ပိဿာလျှင် ကျပ် (၁၆၀၀၀ မှ ၁၈၅၀၀)၊  ငါးပုတ်သင် (၁) ပိဿာလျှင် ကျပ် (၁၅၀၀၀ မှ ၁၆၀၀၀)၊ အာဗြဲခြောက် (၁) ပိဿာလျှင် ကျပ် (၂၀၀၀၀ မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁) ပိဿာလျှင် ကျပ် (၃၅၀၀၀ မှ ၄၅၀၀၀)၊ ငါးနီတူခြောက် (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း (ငါးပိကောင်) (၁) ပိဿာလျှင် ကျပ် (၁၅၀၀၀ မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)