ပခုက္ကူ ကုန်စညိဒိုင်၌ ဇွန်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

     ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ် ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်နေပါသည်။

    ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်တွင်(၁.၆.၂၀၂၃) ရက်နေ့မှ (၇.၆.၂၀၂၃)ရက်နေ့ထိ  အရောင်းအဝယ်ဖြစ်ခဲ့သော ကြက်သွန်နီ ဒိုင်ပြတ်ဈေးမှာပေါက်နယ်(ယောစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀-၁၉၅၀-၂၀၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀-၁၈၅၀-၁၇၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၄၀၀-၁၄၅၀-၁၅၀၀)၊ ပုလဲ ကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊  အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့် စ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)ဖြင့် နေ့စဉ် ကုန်ချိန် (၂၀၀၀၀ မှ ၁၀၀၀၀၀)ကျော် ဖြစ်နေပြီး  တစ်ပတ်လျှင် စုစုပေါင်းကုန်ချိန်(၄၀၉၀၀၀)ခန့် အရာင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

     ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာအရည်အသွေးပေါ်မူတည်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ်( ၅၈၀၀)၊ အနိမ့်တစ်ပိဿာလျှင် ကျပ်(၅၃၀၀)  ဖြစ်ပြီး (ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၄၀၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်နေပါသည်။

DOCA(မကွေး)