ဆိပ်ဖြူကြက်သွန်နီ ဇွန်လ(ပထမပတ်)အတွင်း ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု အခြေအနေ

Powered by Drupal

    ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ် ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ၂၀၂၃ခုနှစ် ဇွန်လ (၁)ရက် မှ (၇)ရက်နေ့ထိ (ပထမပတ်)အတွင်း ကြက်သွန်နီများ တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် ပိဿာ (၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခွဲခန့် ဈေးကွက်သို့ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

     ဇွန်လ(ပထမ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ် (၂၀၂၅ မှ ၁၉၀၀)၊ အလတ်စ ကျပ်(၁၈၅၀ မှ ၁၈၀၀)၊ အနိမ့်ဈေး ကျပ်( ၁၇၀၀ မှ  ၁၆၂၅) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်(၁)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံး ဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၉၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ (ရှယ်) ကျပ်(၁၂၅)၊ အလတ်စနှင့် အနိမ့်စတို့မှာ ကျပ်(၁၀၀)စီခန့် ဈေးမြင့်တက်၍ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

     ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံနှင့် မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။ ယခုဇွန်လ(ပထမ)ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ(၂)သိန်းခွဲခန့်၊ (၈၃၃၂)အိတ်၊ တန်ချိန်(၄၀၈)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

     ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၄၀၀ မှ ၁၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)