ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် (၁-၆-၂၀၂၃) ရက်နေ့မှ (၆-၆-၂၀၂၃) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဘီးလင်းမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၆၀၀၀၊ သီပေါ၊ မိုင်းရယ်မှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ ဝမ်းတွင်း၊ သဲတောမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၈၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ ကျိုက်ကော်၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ တိုက်ကြီးမှ သရက်သီး(စိန်တလုံး)အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ မအူပင်မှ သရက်သီး(မချစ်စု)အလုံးကြီးတစ်လုံးလျှင် ကျပ်၄၅၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ မအူပင်မှ သရက်သီး(ရင်ကွဲ)အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၃၀၊ ဘီးလင်းမှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၀၊ အောင်ပန်း၊ နောင်ချိုမှ ရွှေလိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၈၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၀၊ မန္တလေး၊ တိုက်ကြီးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၂၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၆၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၂၈၀၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
DOCA(ရန်ကုန်)