ပြည်ကြက်သွန်နီများ ဈေးအနည်းငယ်ကျ

Powered by Drupal

    ယခုတစ်ပတ်၌ ပြည်ဈေးကွက်တွင် ကြက်သွန်နီသီးနှံဈေးနှုန်းမှာ ပျမ်းမျှလျှင် ကျပ် (၂၅၀) ခန့်ကျဆင်းသွားပြီး ဝင်ရောက်မှုမှာ ကျောက်ပန်းတောင်း၊ တောင်တွင်း၊ ဆိပ်ဖြူဘက်တို့မှ ပိဿာချိန် (၃) သောင်းကျော်ခန့်ရက်ခြားအဝင်ရှိသဖြင့် ယခင်အပတ်ထက် အဝင်များနေကြောင်း သိရပါသည်။ အဝင်များသည့်အတွက် ဈေးနှုန်းမှာလည်း ယခင်၌ ကြီး/လတ်/သေးတစ်ပိဿာလျှင် ကျပ် (၂၅၀၀/ ၂၆၀၀/၂၇၀၀) တို့ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်၌ ဈေးမှာ ကျပ် (၂၂၀၀/၂၃၀၀/၂၄၀၀) နှုန်းတို့ရှိသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရပါသည်။ အရောင်းအဝယ်မှာ ဈေးနှုန်းကျသဖြင့် အနည်းငယ်ပိုသွက်လာပြီး အိတ်ဆွဲဝယ်ရောင်းသမားများ၊ ဒေသတွင်းဝယ်လက်များနှင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့သို့ နယ်ကျော်စီးဆင်းမှုအဖြစ် ရောင်းဝယ်မှုရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)