ဒညင်းသီးအစားထိုး မျောက်ငိုသီး (ခေါ်) သစ်လိမ်သီး

Powered by Drupal

   မျောက်ငိုသီးသည် အာဟာရပြည်ဝစွာပါဝင်သောကြောင့် အဆိပ်ဖြစ်စေသည့်ဒညင်းသီးအစား စားပေးသင့်သောအသီးဖြစ်ပါသည်။ ဒညင်းသီးကို ကျန်းမာရေးကြောင့် မတည့်၍ စားလို့မရသူများအတွက် မျောက်ငိုသီး (ခေါ်) သစ်လိမ်သီးသည် အစားထိုးကျန်းမာရေးဓာတ်စာဖြစ်ပါသည်။ မျောက်ငိုသီး၏ ဆားရည်စိမ်အရသာသည် ကြွပ်ကြွပ်လေးနှင့် ဒညင်းသီးနုနုတို့ရသကဲ့သို့ ကြွပ်ဆတ်ဆတ်အရသာမျိုးဖြစ်ပါသည်။ မျောက်ငိုသီးဆားရည်စိမ်ကို တို့စရာအနေဖြင့် ငါးပိရည်၊ ငါးပိချက်တို့ဖြင့် တွဲဖက်၍စားသောက်နိုင်ပါသည်။

    မျောက်ငိုသီးစေ့ခြောက်ကို  ရေတစ်ညစိမ်၍ မနက်ရောက်လျှင် အခွံခွာပြီး ကြိုက်နှစ်သည့် အသားငါး၊ အသီးအရွက်တို့နှင့်တွဲဖက်၍ ချက်ပြုတ်၍စားသောက်နိုင်ပါသည်။ အသင့်ခွာပြီးသော အစိမ်းကို အသား၊ ငါး၊ ပုစွန်၊ ပင်လယ်စာများနှင့်ရောချက်၍ စားနိုင်သည့်အပြင် မျောက်ငိုသီးငါးပိချက်ကို ချက်စားလို့ရပါသည်။ မျောက်ငိုသီးသည် စားပြီးသွားလျှင် ဒညင်းသီးကဲ့သို့ အနံ့စွဲ၍မကျန်ခဲ့ပါ။

    မျောက်ငိုသီးသည် ကျန်းမာရေးကျေးဇူးများစွာပါဝင်သည့်အသီးဖြစ်ပါသည်။ ဗီတာမင်အေ၊ သံဓာတ်၊ ပရိုတင်း၊ အခြားဗီတာမင်နှင့် သတ္ထုဓာတ်များ၊ အာဟာရဓာတ်များ အများအပြားပါဝင်ပါသည်။ လေဖြတ်မှုကိုကာကွယ်ပေးခြင်း၊ မျက်လုံးကျန်းမာရေး၊ အစာခြေစနစ်ကောင်းမွန်စေခြင်း၊  သွေးတိုးကျစေခြင်းများကျစေခြင်းများပါဝင်ပါသည်။ ဗီတာမင် B6၊ B12၊ ပါဝင်သောကြောင့် ဆေးလိပ်ဖြတ်သူများအတွက် သင့်တော်ပါသည်။ ဈေးကွက်ဈေးနှုန်းအနေဖြင့် မျောက်ငိုသီးဆားရည်စိမ်တစ်ဘူးလျှင် (၂၃၀၀-၃၅၀၀) ကျပ်၊ အသင့်စားမျောက်ငိုသီးတစ်ဘူးလျှင် (၂၇၀၀-၃၈၀၀) ကျပ်၊ မျောက်ငိုသီးအစေ့ခြောက်တစ်ဘူးလျှင် (၂၅၀၀-၂၈၀၀) ကျပ်ထိ Online ဈေးကွက်တွင် ရောင်းချကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)