စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show )ကျင်းပ

Powered by Drupal

    ၂၀၂၃ခုနှစ် ဇွန်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်၊ အငယ်တန်းစာရေး ဒေါ်ခင်လေးနွယ်၊  မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မြင့်မြတ်သီတာတို့သည် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး    (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

    အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မြင့်မြတ်သီတာက ပထမဦးစွာ Talk Show ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များကို ပြောကြားပါသည်။ ထို့နောက်  မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က “အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယနေ့ခေတ်၏ စားသုံးသူများ ဝယ်ယူသုံး စွဲမှုများပြားသော Online Shopping နှင့်ပတ်သက်၍  စားသုံးသူပြည်သူများအတွက် အသိပညာပေးရာတွင် စားသုံးသူပြည်သူများက ရင်ဆိုင်တွေ့ကြုံနေရသည့် အချက်အလက်(၇)ချက်နှင့် Online Shopping ဝယ်ယူမှုမပြုမီ စားသုံးသူက ကြိုတင်သတိထားရှိ ရမည့်အချက်အလက်(၇)ချက်တို့ကိုသိရှိစေရန်နှင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများ မရှုံးဆုံးစေရေးတို့အတွက် စားသုံးသူများနစ်နာမှုမရှိစေရေး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊  ဆက်လက်၍လည်း စားသုံးသူများကို ကာကွယ်ရေးနှင့် အသိပညာပေး အစီအစဉ်များဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း၊  တိုင်ကြားမှုဆောင်ရွက်ရန် နည်းလမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Official Webiste www.doca.gov.mm ကိုလေ့လာသိရှိစေရန် Talk Show အစီအစဉ်မှာ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(မွန်)