“ဟိန်း” အမှတ်တံဆိပ် ပဲဆီ/စားဆီလုပ်ငန်းခွင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   ကျောက်မဲမြို့၊ (၁)ရပ်ကွက်၊ ပြိန်းနင်ရပ်ရှိ “ဟိန်း” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ပဲဆီ/ စားဆီ လုပ်ငန်းခွင်သို့ (၁၂.၆.၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ သွားရောက် ၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

  ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအပြင် ဆီနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်အချက်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

   ထို့အပြင် လက်ရှိထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ပဲဆီ/စားဆီ များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆီကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)