မေလအတွင်း အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ရုရှားနိုင်ငံမှရေနံ ၈ဝ ရာခိုင်နှုန်းကို ဝယ်ယူသွားမည်ဖြစ်

Powered by Drupal

ကမ္ဘာ့ထိပ်တန်းရေနံသုံးစွဲသည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ၂ဝ၂၃ ခုနှစ်မေလအတွင်း ရေနံ ၈ဝ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အဖွဲ့အစည်းမှ ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ရှရှားနိုင်ငံမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂ သန်းနီးပါးနှင့် တရုတ်နိုင်ငံသည်လည်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၅ဝဝဝဝဝ မှ ၂.၂ သန်းအထိ ဝယ်ယူလျက်ရှိကြောင်းနှင့် ရုရှားနိုင်ငံမှ ရေနံစိမ်းတင်ပို့မှုမှာလည်း မေလအတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၃.၈၇ သန်း ရှိကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံထံမှ ရေနံစိမ်းတင်သွင်းမှုမှာ ဧပြီလအတွင်း ၁၄ ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ကြောင်း၊ မေလပထမသုံးလပတ်အတွင်း ရုရှားနိုင်ငံမှ Brent (export grade Urals) ရေနံစိမ်းအား ပျှမ်းမျှတစ်စည်လျှင် ဒေါ်လာ ၂၆ နှုန်းဖြင့် ဈေးလျှော့တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဂျီဒီပီမှာ ၂ဝ၂၃ ခုနှစ်တွင် ၄.၈ ရာခိုင်နှုန်းဖြစ်မည်ဟု ခန့်မှန်းထားပြီး ၂ဝ၂၄ ခုနှစ်တွင် ၆.၃ ရာခိုင်နှုန်းမြင့်တက်မည်ဖြစ်ကြောင်းနှင့် ၂ဝ၂၅-၂ဝ၂၈ အတွင်း ၇ ရာခိုင်နှုန်းသို့ပင် ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ကမ္ဘာပေါ်တွင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံအား ၂ဝ၂၇ ခုနှစ်တွင် နှစ်အလိုက် ရေနံဝယ်လိုအားဖွံ့ဖြိုးမှုနှုန်း သာလွန်သွားနိုင်ပြီး ၂ဝ၂၃ ခုနှစ်တွင် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာနိုင်ကြောင်းလည်း ခန့်မှန်း ထားပါသည်။ အိန္ဒိယနိုင်ငံ၏ ရေနံဝယ်လိုအားမှာ ၂ဝ၂၂ ခုနှစ်မှ ၂ဝ၂၈ ခုနှစ်အတွင်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ သန်းထက်ပိုမိုနိုင်ကြောင်း၊ ဒီဇယ်မှာလည်း ၃၂ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ တိုးတက်လာနိုင်ကြောင်း သိရှိရပါသည်။

Source: Trust of India, 16 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)