မြိတ်ခရိုင် စပါးစိုက်ပျိုးနိုင်မှု

Powered by Drupal

             မြန်မာနိုင်ငံ၏တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် သည်  ဆန်/ စပါး စိုက်ပျိုးထုတ်လုပ်နိုင်သော ခရိုင်မြို့ဖြစ်ပါသည်။ သို့သော် ထွက်ရှိသောဆန်/ စပါးများသည် ဒေသတွင်းစားသုံးရန်မဖူလုံ၍ အခြားနေရာဒေသများမှ ဝယ်ယူ သုံးစွဲနေရသော ဒေသလည်းဖြစ်ပါသည်။ မြိတ်ခရိုင်အတွင်း မိုးစပါးနှင့် နွေစပါးနှစ်မျိုးလုံးစိုက်ပျိုးလျက်ရှိပြီး အခြား တိုင်းဒေသကြီး /ပြည်နယ်များတွင် နွေးစပါးစိုက်ပျိုး ထွက်ရှိမှုသည်  မိုးစပါးထက်စိုက်ပျိုးထွက်ရှိမှု ကောင်းမွန်လျက်ရှိသော်လည်း မြိတ်ခရိုင်တွင်မူ နွေစပါးစိုက်ပျိုး ထွက်ရှိမှုသည် မိုးစပါးစိုက်ပျိုး ထွက်ရှိမှုထက် လျော့နည်းလျက်ရှိပါသည်။ မြန်မာနိုင်ငံအောက်ပိုင်း (မြိတ်ခရိုင်) ဒေသများသည် မိုးစပါးကောင်းစွာစိုက်ပျိုးနိုင်သော်လည်း နွေးစပါး စိုက်ပျိုးထွက်ရှိမှု ကျဆင်းရခြင်းသည် မြေနေရာ မကောင်း(မကိုက်ညီ)ခြင်းနှင့် မြေသြဇာနည်းပါသည့်အတွက်ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ 

            မြိတ်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မတ်လအထိ စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် မိုးစပါး၊ နွေစပါး စိုက်ပျိုးထွက်ရှိမှုမှာ အောက်ပါ အတိုင်း တွေ့ရှိနိုင်ပါသည်-

၂၀၂၂-၂၀၂၃ခုနှစ် မတ်လကုန်အထိစပါးစိုက်ပျိုးနိုင်မှု

စဉ်

မြို့နယ်

မိုးစပါး

နွေစပါး

စုစုပေါင်းစပါး

စိုက်ပျိုးထွက်ရှိမှု

စိုက်

ထွက်

စိုက်

ထွက်

စိုက်

ထွက်

မြိတ်

၄၂၄၇၆

၃၀၈၃၃၃၁

၈၅

၁၁၈၁၇

၄၂၅၆၁

၃၀၉၅၁၄၈

ကျွန်းစု

၁၃၀၅၄

၉၂၅၄၂၅

၁၂

၁၃၆၀

၁၃၀၆၆

၉၂၆၇၈၅

ပုလော

၂၄၁၈၉

၁၇၅၁၈၅၃

၃၅၆

၂၄၉၉၇

၂၄၅၄၅

၁၇၇၆၈၅၀

ပလောက်

၁၅၅၀၃

၁၁၂၂၈၈၄

၁၅၀၁

၁၅၅၀၆

၁၁၂၄၃၈၅

တနင်္သာရီ

၂၃၁၉၃

၁၆၈၁၀၂၉

၆၅၄၃

၄၆၂၉၇၂

၂၉၇၃၆

၂၁၄၄၀၀၁

 

မြိတ်ခရိုင်စုစုပေါင်း

၁၁၈၄၁၀

၈၅၆၄၅၂၂

၇၀၀၄

၅၀၂၆၄၇

၁၂၅၅၁၄

၉၀၆၇၁၆၉

 

DOCA(တနင်္သာရီ)