သာယာဝတီမြို့ မြေဩဇာဆိုင်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ်၌ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းဝယ်ရေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိကို ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၈ ရက်နေ့ ၊ နံနက် (၁၀ : ၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး ၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ ၊ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည် ။

  စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး ၊လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြရန် ၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရန်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)