ညောင်ဦးမြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

          ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့၊ နံနက် ၀၉:၃၀ တွင် ညောင်ဦးခရိုင်စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မူးယစ် ဆေးဝါးတားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ) ၌ ဆောင်ရွက်ခဲ့ပါသည်။

          ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် မျက်မှောက်ခေတ်တွင် ပလပ်စတစ်များသုံးစွဲမှုများပြားခြင်းကြောင့် မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုများအကြောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးမှ မူးယစ် အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် နိုင်ငံ့သားကောင်း ရတနာကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးကြောင့် မပျက်စီးစေရေးနှင့် ဆေးလိပ်၊ ကွမ်းယာမှ အစ စမ်းသပ်မသုံးစွဲကြရန် ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊  ဦးသန်းစိုး(ဦးစီးအရာရှိ)မှ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာများအား အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောဆွေးနွေးမှုများအပြီးတွင် ကျောင်းရှိ ကျောင်းမုန့် ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိ စေရေးတို့အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)