
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး နှင့် ဝန်ထမ်း(၁)ဦးသည် ၁၆.၆.၂၀၂၃ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် ၊ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ စားသုံးသူကာကွယ်ရေးကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ် တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူ စားသုံးကြရန်၊ စားသောက်ကုန်များတွင် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်း ကုန်ဆုံးရက်များကို သေချာစွာကြည့်ရူ၍ ဝယ်ယူစားသုံးရန်၊ သက်တမ်းကုန်ဆုံးသော မုန့်များအား စားသုံးခြင်း မပြုရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဓာတ်ခွဲစစ်ဆေးခဲ့သော အစားအသောက် နမူနာများအနက် စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိသည့် အစားအသောက်နမူနာစာရင်းပုံနှင့်တကွ အသိပညာပေးဟောပြောပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ (၇)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦး စုစုပေါင်း(၁၂၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကချင်)