မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၁၆.၆.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ် (၁) ဈေး၌ စားဆီနှင့် ကလေးအာဟာရ ဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်(၁)ဈေးအတွင်း ရောင်းချနေသော စားဆီနှင့် ကလေးအာဟာရဖြည့်စွက်များမှာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိမှု ရှိ/မရှိတို့ကို စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြမှုမရှိသော ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်မရှိသော စားဆီနှင့် ကလေးအာဟာရဖြည့်စွက်စာများ ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များ ဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)