၂၀၂၃ ၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ (အ.ထ.က)ခွဲ ညောင်အိုင်ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းနှင့် ဌာနနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများ၊ စာကြည့်တိုက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ဌာန၏ မျှော်မှန်းချက်၊ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် သိရှိနားလည်ထားရန်လိုအပ်သည့် အသိပညာဟုသုတများ၊ ဌာန၏ Website အကြောင်း၊ Facebook Page နှင့် Consumer Call Center (1535) တို့ကို သုံးစွဲနိုင်သည့်နည်းလမ်းများအကြောင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များတွင် တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူ (၁၂၃)ဦးတို့အား စားသုံးသူကာကွယ်ရေးအကြောင်း သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)