
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိစေရေး၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များရောင်းချခြင်းမရှိစေရေးတို့အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့မစျေးအတွင်းရှိ ကုန်စည်အုပ်စု (က) အစားအသောက်များအုပ်စုတွင်ပါဝင်သော ဟင်းလျာများတွင် အရောင်၊အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးရောင်းချနေသော အရောင်းဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အရောင်းဆိုင်နှင့် ကုန်စုံဆိုင် အရောင်းဆိုင်ရှင်များအား ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကာ ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)