စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးတွင် တိရိစ္ဆာန်အစာထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ရန်ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ဒေသတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ပြီးအခြေခံစားသောက်ကုန်များ ဖူလုံစေရန်ရည်ရွယ်၍ ကပ်စေးနှဲဘေးထွက်ပစ္စည်း ကြိတ်ဖတ်မှ ဘဲစာထုတ်လုပ်ရန်နှင့် ပီလောပီနံဘေးထွက်ပစ္စည်းမှ တိရိစ္ဆာန်အစာများထုတ်လုပ်ရန် စီမံချက်ရေးဆွဲခြင်းကို (၃.၇.၂၀၂၃) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ပါသည်၊၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်မှ ဦးဆောင်၍ သက်ဆိုင်ရာတိုင်းစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ ဗဟိုစာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးများတက်ရောက်၍ တိရိစ္ဆာန်အစာများ တိုးမြှင့်ထုတ်လုပ်နိင်ရန်အတွက် ထုတ်လုပ်မှု သုတေသနပြုလုပ်ရန်၊ ဈေးကွက်သုတေသနပြုလုပ်ရန်၊ ထုတ်လုပ်မှုတိုးတက်ရန်၊ သုံးသပ်တင်ပြ ရန်နှင့် လိုအပ်သောထောက်ပံ့မှုများ ဝိုင်းဝန်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)