စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းနှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ (၃.၇.၂၀၂၃)ရက်နေ့၊နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် ဗန်းမော်မြို့တွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံလက်လီ/လက်ကား ရောင်းချလျက်ရှိသော ဆိုင်(၅)ဆိုင်ကို ဈေးကွက်စစ်ဆေးစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဗန်းမော်မြို့တွင်ရောင်းချသော စတိုးဆိုင်နှင့် ကုန်စုံဆိုင်များတွင် Coca-ColaPinya Beverages Myanmar(CCPBM)ကုမ္ပဏီမှထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော Sprite R အမှတ်တံဆိပ်နှင့်ပုံစံတူ၍ ကုန်အညွှန်းအမှတ်အသားများအား ထိုင်း ဘာသာဖြင့်ဖော်ပြထားသော Sprite R အချိုရည်များ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြထားမှုရှိ/မရှိ တို့ကို သွားရောက်စစ်ဆေးပြီးခဲ့ရာ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite R အချိုရည်များ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချရန် ပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)